SOF တပ်ဖွဲ့မှူး​ပြောပြတဲ့ ခမရ-၅၉၈ တပ်ရင်းဌာနချုပ်သိမ်းတိုက်ပွဲ | People's Spring

SOF တပ်ဖွဲ့မှူး​ပြောပြတဲ့ ခမရ-၅၉၈ တပ်ရင်းဌာနချုပ်သိမ်းတိုက်ပွဲ | People's Spring

81.989 Lượt nghe
SOF တပ်ဖွဲ့မှူး​ပြောပြတဲ့ ခမရ-၅၉၈ တပ်ရင်းဌာနချုပ်သိမ်းတိုက်ပွဲ | People's Spring
SOF တပ်ဖွဲ့မှူး​ပြောပြတဲ့ ခမရ-၅၉၈ တပ်ရင်းဌာနချုပ်သိမ်းတိုက်ပွဲ ​ဟန်​နွေ/ People's Spring ခမရ-၅၉၈ တပ်ရင်းဌာနချုပ်ကိုထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့ပုံကို SOF(အထူးလှုပ်ရှားဗျူဟာ)ရဲ့တပ်ဖွဲ့မှူး ဖြစ်သူ ကိုအောင်စံရှားက​ပြောပြထားပါတယ်။ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ-၅၉၈ တပ်ရင်းဌာနချုပ်ကို မေလ (၈)ရက်​နေ့က PDF ​တွေနဲ့ KNLA ပူး​ပေါင်းတပ်​တွေထိုးစစ်ဆင်ပြီးသိမ်းပိုက်ခဲ့ပါတယ် ။ တို​က်ပွဲမှာ စစ်သားအလောင်း (၃၀) ဦး တွေ့ရှိရပြီး၊ စစ်သုံ့ပန်း ( ၆ ) ဦး နဲ့ မိသားစုဝင် ( ၇ ) ဦးဖမ်းဆီးထိန်းသိမ်းရရှိခဲ့ပါတယ်။စစ်ကောင်စီတပ်ရင်းမှုးအပါအဝင် အရာရှိ​တွေနဲ့စစ်သား (၅၀) ဦးခန့် ထွက်ပြေးသွားခဲ့ကြပါတယ်။စခန်းသိမ်းတိုက်ပွဲက​နေ လက်နက်မျိုးစုံ (၈၃) လက် ၊ဂျန်မာစက် (၃) လုံးနဲ့ ခဲယမ်း​တွေသိမ်းဆည်းရရှိခဲ့ပါတယ်။ စစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊တောင်ပိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF(အထူးလှုပ်ရှားဗျူဟာ)၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ ဗျူဟာ (၂၇)မှ နဂါးဖြူတပ်ရင်း၊ တောင်ညိုတပ်ရင်း၊ ၇၈၀၅ တပ်ရင်း၊ ၇၈၀၁ တပ်ရင်း၊ ဒေါနတပ်ရင်း၊ Southern Eagle တပ်ရင်း၊ SOG တပ်ရင်း၊ ရန်ကုန်တိုင်းအထူးချေမှုန်းရေးတပ်ဖွဲ့၊ ရောင်နီဒရုန်းအထူးတပ်ဖွဲ့၊ Cloudwings ဒရုန်းအထူးတပ်ဖွဲ့၊ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးအဖွဲ့များ၊ မွန်ပကဖ တိုက်ခိုက်ရေးအဖွဲ့များ၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ ဗျူဟာ(၂၀)မှ ၃၇၀၄ တပ်ရင်း၊ ၅၁၀၁ တပ်ရင်း၊ ရန်ကုန်ဗျူဟာစစ်ကြောင်း၊ ပဲခူးတိုင်းပကဖ တိုက်ခိုက်ရေးအဖွဲ့များ၊ LDF တပ်ဖွဲ့များဖြစ်သော KRF၊ UDF ရော့ကက်နှင့်ဒရုန်းတပ်ဖွဲ့များ ပူးပေါင်း​တိုက်ခိုက်ခဲ့ကြပါတယ်။PDFတပ်ရင်းတပ်ဖွဲ့များနဲ့အတူ ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၃)မှ တပ်ရင်း(၇)နဲ့ ဒရုန်းတပ်ဖွဲ့များ လက်တွဲတိုက်ပွဲဝင်ခဲ့ကြတယ်လို့ NUG ကာကွယ်​ရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ #ludunwayoo #လူထုနွေဦး #NewsUpdate 𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴 𝗬𝗼𝘂𝗧𝘂𝗯𝗲 - https://www.youtube.com/@peoplespring 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - https://www.facebook.com/LuduNwayOo/ 𝗪𝗲𝗯𝘀𝗶𝘁𝗲 - https://www.ludunwayoo.com/ 𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 - https://www.instagram.com/ludunwayoo/ 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - https://t.me/peoplespring