ဗန်း​မော်မြို့သိမ်းတိုက်ပွဲ ဘာ​ကြောင့်အ​ရေးကြီးလဲ | People's Spring

ဗန်း​မော်မြို့သိမ်းတိုက်ပွဲ ဘာ​ကြောင့်အ​ရေးကြီးလဲ | People's Spring

215.201 Lượt nghe
ဗန်း​မော်မြို့သိမ်းတိုက်ပွဲ ဘာ​ကြောင့်အ​ရေးကြီးလဲ | People's Spring
ဗန်း​မော်မြို့သိမ်းတိုက်ပွဲ ဘာ​ကြောင့်အ​ရေးကြီးလဲ ​နေ့သစ် ၊ဟန်​နွေ/ People's Spring ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နဲ့ မဟာမိတ်​တွေဗန်း​မော်မြို့ကိုသိမ်းပိုက်နိုင်ဖို့ အပြင်းအထန်ထိုး စစ်ဆင်​နေသလို စစ်​ကောင်စီကလည်း မြို့ကိုမဆုံးရှုံးရဖို့ ​လေ​ကြောင်းတိုက်ခိုက်မှု​တွေကိုအားပြုပြီး အသည်းအသန်ခုခံ​နေပါတယ် ။ ငါးလ​ကျော်လာပြီးဖြစ်တဲ့ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့​တော် တိုက်ပွဲဟာ နှစ်ဖက်စလုံးအတွက် ဘယ်​လောက်အ​ရေးပါလဲ ဆိုတာကို ဒီတစ်ပါတ် ​​ဆွေး​နွေးပါမယ်။ KIA ဦး​ဆောင်တဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ဗန်း​မော်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ဒီဇင်ဘာ၄ရက်မှာစတင်ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။ ဗန်းမော်နဲ့အတူ မံစီမြို့နယ်က လက်ကျန် စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၂၀၂၄ ဇန်နဝါရီ ၈ ရက်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ် ။ ဗန်းမော်မြို့ကိုအပြီးသတ်သိမ်းပိုက်နိုင်ဖို့ KIA နဲ့ပူး​ပေါင်းတပ်​တွေ က ထိုးစစ်ဆင်တိုက်ခိုက်​နေ​ပေမယ့် ​​မေလဒုတိယပါတ်အထိအပြီးသတ်သိမ်းပိုက်နိုင်ခြင်း​တော့မရှိ​သေးပါဘူး ။ ဧရာဝတီမြစ် အ​ရှေ့ဘက်ကမ်းမှာရှိတဲ့ ဗန်း​မော်မြို့ဟာ ကချင်ပြည်နယ် ရဲ့ဒုတိယမြို့​တော် ဖြစ်ပြီး​တော့ တရုတ်နယ်စပ်နဲ့ မိုင် ၄၀ ခန့်ကွာ​ဝေးပါတယ် ။မြို့​တော် မြစ်ကြီးနားမြို့ ရဲ့တောင်ဘက် ၁၁၅ မိုင်အကွာမှာတည်ရှိပါတယ် ။ ၂၀၁၄ သန်း​ခေါင်စာရင်းအရ ဗန်း​မော်မြို့မှာ လူဦး​ရေ ၅၈,၀၀၀ ​ကျော် ၊ မြို့နယ်အတွင်းက ကျေးရွာ​တွေမှာ လူဦး​ရေ ၇၇,၀၀၀ ​ကျော်ရှိပြီး​တော့ ဗန်း​မော်မြို့နယ်တစ်ခုလုံးမှာ လူဦး​ရေ စုစု​ပေါင်း ၁၃၅,၀၀၀ ​ကျော်​​နေထိုင်ပါတယ် ။ မြို့အ​ရှေ့ဘက်မှာ မိုး​မောက်မြို့နယ် နဲ့ လွယ်ဂျယ်မြို့ ၊ ​တောင်ဘက်မှာ မံစီမြို့ ၊ အ​နောက်ဘက်မှာ ​ရွှေကူ မြို့ နဲ့ မြို့လှမြို့ ၊ ​မြောက်ဘက်မှာဆင်ဘိုနဲ့ ဒေါ့ဖုန်းယန်မြို့တို့ရှိပါတယ် ။ ဗန်း​မော်မြို့အနီးက မိုး​မောက် ၊လွယ်ဂျယ် ၊မံစီ ၊ မြို့လှ ၊ဆင်ဘို ၊​ဒေါ့ဖုန်းယန် မြို့​တွေကို KIA နဲ့ မဟာမိတ်တပ်​တွေကသိမ်းပိုက်ထိန်းချုပ်ထားပြီးချိန်မှာဗန်း​မော်မြို့ကိုထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ် ။ ဗန်း​မော်မြို့သိမ်းတိုက်ပွဲဟာ ပြင်းထန်လှသလို ငါးလ​ကျော်ကြာမြှင့်ခဲ့တာ​ကြောင့် စစ်​ကောင်စီဘက်မှာ​ရော ၊ KIA ဦး​ဆောင်တဲ့ ​တော်လှန်​ရေးတပ်​တွေဘက်မှာ​ပါထိခိုက် ကျဆုံးမှု​တွေများခဲ့ ပါတယ်။ စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း KIA က ကချင်ပြည်နယ် မှာ စစ်တပ်စခန်း​တွေ ၊တပ်ရင်း​တွေ ၊ဌာနချုပ်​တွေကို တိုက်ခိုက်ပြီး မြို့သိမ်းတိုက်ပွဲ​တွေ ဆင်နွှဲလာတာမှာ ဗန်း​မော်မြို့သိမ်းတိုက်ပွဲဟာ အပြင်းထန်ဆုံး နဲ့ အခက်ခဲဆုံးဖြစ်ပါတယ် ။ KIA က စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းကချင်ပြည်နယ်မှာ ၁၄ မြို့ နဲ့ ရှမ်းပြည် ​မြောက်ပိုင်းမှာ ၁ မြို့ စုစု​ပေါင်း ၁၅ မြို့သိမ်းပိုက်ထားတာဖြစ်ပါတယ် ။ ဗန်းမော်မြို့တည်​နေရာဟာ စစ်​ရေးအရ ဗျူဟာ​မြောက်​နေရာမှာ တည်ရှိတယ်လို့ စစ်​ရေး​လေ့လာသူ​​​လေးဦးကသုံးသပ်ပါတယ် ။ "ဗန်း​မော်မြို့သိမ်းတိုက်ပွဲ ဘာကြောင့် အရေးကြီးတာလဲဆို ကျနော်ဖြေရရင်တော့ ကျနော်တို့ ကချင်ပြည်နယ်သာ မကဘဲနဲ့ အဓိက သူရဲ့ လမ်းကြောင်းကအညာဒေသ ဖြစ်တယ်။ အထူးသဖြင့် စစ်ကိုင်းတိုင်းမှာ ကျနော်တို့ စစ်ရေး ကောင်းကောင်းမွန်မွန်သွားလာနိုင်ဖို့အတွက်ဖြစ်တယ် ဒါ တစ်အချက်ပေါ့"လို့ကချင် စစ်​ရေး​လေ့လာသူတစ်ဦးက သုံးသပ်ပါတယ်။ ဧရာဝတီမြစ်အ​ရှေ့ပိုင်းမှာတည်ရှိတဲ့ဗန်း​မော်မြို့ကို သိမ်းနိုင်ပြီ ဆိုရင် စစ်​ကောင်စီဟာ ကချင်ပြည်နယ်မှာ ဧရာဝတီမြစ်အ​ရှေ့ပိုင်းက ​ဒေသ​တွေအားလုံးဆုံးရှုံးသွားမှာဖြစ်တယ်လို့ CDM စစ်သား ဇင်​ယော်က သုံးသပ်ပါတယ် ။ ဒါအပြင် ကချင်ပြည်နယ်မှာ ဧရာဝတီမြစ်အ​ရှေ့ပိုင်း တရုတ်နိုင်ငံနဲ့ ချိတ်ဆက်နိုင်ဖို့ ​ရော ၊နယ်စပ်ကုန်သွယ်​ရေး လမ်း​ကြောင်း​ပေါ်မှာရှိတာ​​​ကြောင့် အ​ရေးပါတဲ့အပြင် ဗန်း​မော်ကိုရရင် ဝိုင်း​မော်အထိ ဖြတ်​တောက်ပြီးဖြစ်လို့ အလွန်အ​ရေးပါတဲ့တည်​နေရာမှာ ရှိ​နေတယ်လို့ သူက​ပြောပါတယ် ။ အခြားစစ်​ရေးရင်းမြစ်တစ်ဦးက​လည်း ဗန်း​မော်ဟာကချင်ပြည်မှာ မြစ်ကြီးနားပြီးရင် စစ်ရေးအရ ဒုတိယအချက်ချာကျတဲ့မြို့ဖြစ်သလို ၊ဗန်မော်မြို့သိမ်းနိုင်ပြီဆိုရင်တော့ ကချင်ပြည်မှာကျန်ရှိ‌နေတဲ့မြို့တွေ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ထပ်သိမ်းဖို့က အခက်အခဲသိပ်မရှိ​တော့ဘူးလို့ သုံးသပ်ပါတယ် ။ ဗန်း​မော်မြို့တည်​နေရာဟာ ​မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တည်ရှိတဲ့ မြို့​တော်မြစ်ကြီးနားထက်​တောင် စစ်​ရေးအရအ​ရေးကြီး ပြီး ကချင်ပြည်နယ်အတွက် အဆုံးအဖြတ်တိုက်ပွဲလို့ ​လေးဦး​မြောက်စစ်​ရေး​လေ့လာသူက​ပြောပါတယ်။ မြစ်ကြီးနားမြို့မှာ မပခ ရှိ​​ပေမယ့် ဗန်း​မော်မြို့သိမ်းနိုင်ရင် မြစ်ကြီးနားကိုသိမ်းဖို့ မခက်ခဲ​​တော့ဘူးလို့ သူကဆက်​ပြောပါတယ် ။ ဒါအပြင် ကချင်ပြည်နယ်အတွက်တင်အ​ရေးကြီးတာမဟုတ်ပဲ ကချင်ပြည်နယ်နဲ့ ​စစ်ကိုင်းတိုင်းကိုချိတ်ဆက်ဖို့ ၊ တနည်းအားဖြင့် ကချင်ပြည်နယ်နဲ့ ​နွေဦး​တော်လှန်​ရေးရဲ့အဆုံးအဖြတ်ဖြစ်လာမယ့် ​မြေပြန့်​ဒေသ​တွေကို ချိတ်ဆက်ဖို့ အတွက်လည်း ဗန်း​မော်မြို့ဟာအလွန်အ​ရေးကြီးတယ်လို့ သူတို့က တညီတညွတ်တည်းသုံးသပ်ကြပါတယ်။ ဧပြီလ ဆန်းမှာ သမိုင်းဝင်မြို့သိမ်းတိုက်ပွဲ​အဖြစ်​ ကချင်ပြည်နယ် နဲ့ စစ်ကိုင်းတိုင်းအစပ်က အင်း​တော်မြို့သိမ်းတိုက်ပွဲဟာ ၈ လတိုင်ကြာမြင်ခဲ့ပြီးမြို့ကိုသိမ်းနိုင်ခဲ့ပါတယ်။ တိုက်ပွဲရဲ့အဆုံးအဖြတ်ကို ​​တော်လှန်​ရေးတပ်​တွေရဲ့ တောင်ခံနိုင်မှုက အ​ဖြေထုတ်​ပေးခဲ့တယ်လို့ NUG ကာကွယ်​​ရေးဝန်ကြီး ဦးရည်မွန်က ​ပြောခဲ့ပါတယ် ။ ငါးလ​ကျော်ကြာမြင်ခဲ့ပြီးဖြစ်တဲ့ဗန်း​မော်မြို့သိမ်းတိုက်ပွဲမှာလည်း ​တောင့်ခံနိူင်မှုက ​အောင်ပွဲအတွက် အ​ရေးကြီးတဲ့ အချက်ဖြစ်လာပါလိမ့်မယ် ။ "လက်ရှိတိုက်ပွဲအခြေနေကတော့ လက်စသတ်နေတာပဲ။ စစ်တပ်ဘက်က လေကြောင်းကို စိတ်တိုင်းကျသုံးနေလို့ အခက်အခဲရှိပေမယ့် လက်စသတ်နေပြီ"လို့ ကချင်ပြည်နယ်က စစ်​ရေး​လေ့လာသူက​သုံးသပ်ပြောကြားလိုက်ပါတယ် ။ ။ #ludunwayoo #လူထုနွေဦး #NewsUpdate 𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴 𝗬𝗼𝘂𝗧𝘂𝗯𝗲 - https://www.youtube.com/@peoplespring 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - https://www.facebook.com/LuduNwayOo/ 𝗪𝗲𝗯𝘀𝗶𝘁𝗲 - https://www.ludunwayoo.com/ 𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 - https://www.instagram.com/ludunwayoo/ 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - https://t.me/peoplespring