Khit Thit သတင်းဌာန၏ မေ ၁၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Khit Thit သတင်းဌာန၏ မေ ၁၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

591.672 Lượt nghe
Khit Thit သတင်းဌာန၏ မေ ၁၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
Khit Thit သတင်းဌာန၏ မေ ၁၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ မေ ၁၅ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -လက်ရှိ ၂၀၂၅ ခုနှစ်အတွင်းမှာပဲ NUG ကို အသွင်ကူးပြောင်းရေး အစိုးရတစ်ရပ်အဖြစ် နိုင်ငံရေး နဲ့ စစ်ရေး နောက်တစ်ဆင့် တက်ဖို့ တိုင်းရင်းသား ခေါင်းဆောင်တွေအပါအဝင် သက်ဆိုင်ရာ ခေါင်းဆောင်တွေ အားလုံး သဘောတူညီထားပြီဖြစ်တယ်လို့ NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုး က အသိပေး ပြောဆိုလိုက်ပါတယ်။ -ကရင်ပြည်နယ် ထိုင်း-မြန်မာနယ်စပ်အနီးက အကြမ်းဖက် စစ်ကောင်စီရဲ့ တာလယ် စစ်ဗျူဟာစခန်း သိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဗိုလ်ကြီးအပါအဝင် စစ်သား ၉ ဦးကတော့ အသီးသီး‌သေကုန်ကြ တဲ့အပြင် ၊ လက်နက်ခဲယမ်းတွေကိုလည်း တော်လှန်ရေးတပ်တွေက သိမ်းဆည်းရရှိထားပြီး စစ်ကောင်စီတပ်ရဲ့ ဒုတပ်ရင်းမှူးနဲ့ အဖွဲ့ လွတ်မြောက်နေတဲ့အတွက် KNLA ပူးပေါင်းအဖွဲ့တွေက လိုက်လံဖမ်းဆီးနေတယ်လို့ KNU ကနေ တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။ - စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်က အိုးထိန်းကွင်းကျေးရွာ စာသင်ကျောင်းကို မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ဆရာမတွေနဲ့ ကလေးငယ်တွေသေဆုံးမှုအတွက် ပြင်သစ်အစိုးရက အပြင်းအထန်ရှုံချလိုက်ပြီး ကနေဒါနိုင်ငံကလည်း စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ တိုက်တွန်းလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။